“ချယ်ရီမြေမှ အမေ့လျော့ခံဘဝများ” သုတေသနအစီရင်ခံစာ

မြန်မာနိုင်ငံ၏ ဒီမိုကရေအသွင်ကူးပြောင်းရေးကာလတွင် ပြည်တွင်းပြည်ပကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုပိုမိုပြုလုပ်လာ ကြသည် ကိုတွေ့ရသည်။ သို့သော် ထိုသို့ရင်းနှီးမြှုပ်နှံမှုများသည် ဒေသခံများ၏အကျိုးကို ရှေးရှု၍ ခိုင်မာသည့်မူဝါဒ ထားရှိ အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စု အတွင်းရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)၊ ကမ္ဘောဇဘိလပ် မြေစက်ရုံနှင့် ငွေကမ္ဘာကျော်သတ္တု ကုမ္ပဏီမှ ခနောက်စိမ်းစက်ရုံတို့ကြောင့် ဒေသခံတောင်သူများ အပေါ် အကျိုးသက်ရောက်မှုများကို “ချယ်ရီမြေမှ အမေ့လျော့ခံဘဝများ” အစီရင်ခံစာကို “ကောင်ရွေလူမှုတရားမျှတမှု နှင့်ဖွံ့ဖြိုးရေးအဖွဲ့” မှ သုတေသနပြုလုပ်၍ စုစည်းတင်ပြထားခြင်းဖြစ်သည်။

“ကောင်ရွေ လူမှုတရားမျှတမှုနှင့်ဖွံ့ဖြိုးရေးအဖွဲ့”သည်     ၂၀၁၀-ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူငယ်စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်၍ ဖွဲ့စည်းထားသည့် ဒေသအခြေပြု အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သည်။

အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)သည် ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ပြီးစက်ရုံ တည်ဆောက် ရန် ဒေသခံများ ၏ မြေယာများကိုသိမ်းဆည်းခဲ့သည်။ မြေယာသိမ်းဆည်းခံရသည့်အတွက် လက်ရှိ အချိန်တွင် ဒေသခံများ မိသားစု ဝမ်းစာအတွက် ကြုံရာကျပန်းအလုပ်လုပ်ကိုင်ရခြင်းနှင့် နိုင်ငံခြားတွင်သွားရောက်အလုပ် လုပ်ကြရသည်။ ဒေသတွင်း လွတ်လပ်စွာ သွားလာခွင့်ကိုလည်း ပိတ်ပင်ခြင်းခံခဲ့ရသည့်အတွက် စားကျက်မြေများ ရှားပါးခြင်း၊ ဘာသာရေးပွဲတော် ကျင်းပခြင်း၊ ကျေးရွာများအပြန်အလှန် ကူးလူးဆက်ဆံခြင်းနှင့် တောင်ပေါ်ထင်း များရယူခြင်းတို့ကို ထိခိုက်လာသည် ကိုတွေ့ရသည်။ မြေယာသိမ်းဆည်းရာတွင် ကျေးရွာသင်္ချိုင်းများပါရှိသည့်အတွက် ၎င်းအတွက်ဒေသခံများ အခက်အခဲ များစွာကြုံတွေ့ခဲ့ရသည်။ စက်ရုံမှပုံထားသည့် ကျောက်မီးသွေးအနံ့နှင့် စက်ရုံမှဖွင့်လှစ်ပေးသည့် ဝန်ထမ်းများ အတွက်ဈေးမှ စနစ်တကျစွန့်ပစ်ခြင်းမရှိသည့် အမှိုက်များကြောင့် ဒေသခံများကျန်းမာရေးအတွက် စိုးရိမ်စရာ ဖြစ်လာသည်။ ထို့အပြင် သတ္တုမိုင်းနှင့် စက်ရုံမှဒေသခံများမှီခိုရသည့် နမ့်ဆီးရေထွက်ကို စက်ရုံ၏ရေသွယ်ယူမှု ကြောင့် ရေဝေရေလဲဧရိယာများ ထိခိုက်လာသည်ကိုတွေ့ရသည်။

ကမ္ဘောဇဘိလပ်မြေစက်ရုံနှင့် ငွေကမ္ဘာကျော်သတ္တုကုမ္ပဏီမှ ခနောက်စိမ်းစက်ရုံမှထွက်သည့် အနံ့နှင့်အသံများ ကြောင့် ဒေသခံများက အိပ်မရခြင်း၊ ခေါင်းမူးခြင်း၊ ရင်တုန်ခြင်းနှင့် အော့အန်ခြင်းစသည့် ဝေဒနာများကို ခံစားရသည်။ သဲခင်းလမ်းပေါ်မှ ကုန်တင်ကားများကြောင့် လူနေအိမ်များ၊ စိုက်ခင်းများအပေး ဖှုန်မှုန့်များကိုနေ့စဉ် ရှူရှိုက်နေရသည် ကို တွေ့ရသည်။

ခနောက်စိမ်းစက်ရုံမှ ထွက်လာသည်မီးခိုးများသည် ဒေသခံများ၏ စိုက်ခင်းများကို ပျက်စီးစေပြီးကုမ္ပဏီ မှ ၎င်းအတွက် လျော်ကြေးအစား ပျက်စီးသွားသောစိုက်ခင်းမှ သီးနှံကိုဝယ်ယူသည့်ပုံစံဖြင့် ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

စက်ရုံ(၃)ရုံတို့သည် ကျေးရွာများနှင့်နမ့်တဘက်ချောင်းကပ်လျက်တွင် တည်ရှိခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုး များကို ကျေးရွာနေလူထုများ ခံစားကြရမည်အမှန်ပင်ဖြစ်သည်။ သို့သော် လေ့လာတွေ့ရှိမှုအရကုမ္ပဏီ များ၏အ ကြောင်းကို ဒေသခံများ သိရှိနားလည်မှုမရှိသည့်အတွက် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ၎င်းတို့ အနာဂါတ်အတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါသည်။ ထို့ကြောင့် လက်ရှိအကောင်အထည် ဖော်ဆောင် ရွက်နေသည့် ကုမ္ပဏီများအကြောင်းနှင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ဆိုးကျိုးများနှင့် ၎င်းဆိုးကျိုး များကို ဘယ်လို စီမံခန့်ခွဲသည်များကို ဒေသခံများနှင့်အတူ ပွင်းလင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ဆောင်ရွက်သင့် ပါသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၁၂) ရက်နေ့တွင် ထုတ်ဝေခဲ့သည့် “ချယ်ရီမြေမှ အမေ့လျော့ခံဘဝများ” သုတေသနစာတမ်းကို အောက်ပါ့လင့်တွင် ဒေါင်းလုတ်ဆွဲနိုင်ပါသည်။

Kaung-Rwai-research-Paper-(final-edition)

Leave a Reply

Close Menu